နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ

ဗွီအိုအေ

  • 29 minutes 28 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၀၊ ၂၀၂၄) - မေ ၂၀, ၂၀၂၄
    အီရန်သမ္မတ Ebrahim Raisi ဟာ မနေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း အီရန်အစိုးရ သတင်း ထုတ်၊ ဂါဇာတောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ သံန္နိဌာန်ချထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော၊ ယူကရိန်းနိုင်ငံ Kharkiv မြို့အပြင်ဘက် လူစည်ကားတဲ့ အပန်းဖြေစခန်းတခုကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်
    20 May 2024, 1:03 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၇၊ ၂၀၂၄) - မေ ၁၇, ၂၀၂၄
    ဂါဇာအတွက် ပထမဆုံး ရေကြောင်း အကူအညီတွေ အမေရိကန်ဆိပ်ခံတံတားသစ်ကနေ ပို့၊ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရုားနယ်မြေထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တဦး အပါအဝင် လူ ၂ ဦး သေဆုံးခဲ့သလို၊ ရေနံချက်စက်ရုံတခု မီးလောင်၊ ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးက သတ်မှတ်ပေးတဲ့ ဈေးနှုန်းကို ပြင်ဆင်ပေးဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေ
    17 May 2024, 1:02 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၆၊ ၂၀၂၄) - မေ ၁၆, ၂၀၂၄
    ယူကရိန်းအရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို ရုရှား နဲ့ တရုတ် သဘောတူတယ်လို့ တရုတ်သမ္မတ Xi ကပြော၊ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးတင့်ကားမီးလောင်မှုအတွင်း အစ္စရေးစစ်သား ၅ ယောက်သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော၊ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေးနဲ့ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပါဝင်နိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီနဲ့ အာဆီယံကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
    16 May 2024, 1:00 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၅၊ ၂၀၂၄) - မေ ၁၅, ၂၀၂၄
    ရုရှားရဲ့ ထိုးစစ်အသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံသားတွေ စိတ်ဓာတ်တက်ကြွလာစေရေးအတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအားပေး၊ ဂါဇာတောင်ပိုင်း Rafah မှာ အစ္စရေးရဲ့ ထိုးစစ် ချက်ခြင်း ရပ်တန့်ဖို့ EU ဥရောပသမဂ္ဂတောင်းဆို၊ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေး
    15 May 2024, 1:04 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၄၊ ၂၀၂၄) - မေ ၁၄, ၂၀၂၄
    အမေရိကန် စစ်လက်နက်အကူအညီတချို့ ယူကရိန်းကို ရောက်နေပြီး ဖြစ်ပြီး ထပ်ပြီး ရောက်လာဖို့လည်း ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်း သမ္မတ ဇာလန်းစကီး နဲ့တွေ့ဆုံချိန်မှာ ပြော၊ဂါဇာဒေသတောင်ပိုင်း Rafah မြို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စွန့်ခွာ ထွက်ပြေးတဲ့သူ ၄ သိန်းခွဲ နီးပါး ရှိမယ်လို့ ခန့်မှန်းကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီပြော၊မြန်မာနိုင်ငံက ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် ၁၃ သိန်း လောက် ရှိတဲ့အကြောင်း IDMC ခေါ် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်။
    14 May 2024, 1:03 pm
  • 29 minutes 28 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၃၊ ၂၀၂၄) - မေ ၁၃, ၂၀၂၄
    အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား ဂါဇာ တောင်ပိုင်းမှာရှိတဲ့ Rafah မြို့အပါအဝင် ဂါဇာမှာတိုက်ပွဲတွေ ပြင်းထန်၊ ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံက ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထိုင်းနယ်မြေအတွင်း ထိပါးရိုက်ခတ်မှုတွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ်ပြော
    13 May 2024, 1:03 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၀၊ ၂၀၂၄) - မေ ၁၀, ၂၀၂၄
    ဂါဇာဒေသ Rafah မြို့အပေါ် အစ္စရေးစစ်တပ်က အပြည့်အဝ ထိုးစစ်ဆင်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ ထွက်သွားကြသူ ၁ သိန်းကျော်၊ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း Kharkiv ဒေသကို ရုရှားက မြေပြင် ထိုးစစ်စ၊ သူ့ကို လိင်ဆက်ဆံခဲ့တဲ့ကိစ္စ ငွေပေး နုတ်ပိတ်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ Stormy Daniels ဟာ ငွေမက်ပြီး လိမ်လည်ပြောဆိုနေသူဖြစ်တယ်လို့ သမ္မတဟောင်း Donald Trump ရဲ့ ရှေ့နေတွေက ချိုးနှိမ်
    10 May 2024, 1:02 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၉၊ ၂၀၂၄) - မေ ၀၉, ၂၀၂၄
    အစ္စရေးအတွက် လက်နက်တွေ ပို့ပေးမယ့် အစီအစဥ်ကို အမေရိကန်သမ္မတ Joe Biden က ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်လို့ အစ္စရေး ဝေဖန်၊ ရိုဟင်ဂျာတွေကို စစ်သားသစ် စုဆောင်းပြီး စစ်သင်တန်းပေးရာမှာ စစ်ကောင်စီဟာ အစ္စလာမ် ဘာသာရေးအခြေခံ ဂျီဟတ်ဒ် ဝါဒနဲ့ ဟောပြော စည်းရုံးနေတယ်လို့ ထွက်ပြေးလာသူ တဦးကို ကိုးကားပြီး အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာ ဖော်ပြ၊ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် က မြန်မာ့အရေးမှာ ကြားဝင် ကူညီ ဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်မခံ
    9 May 2024, 1:04 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၈၊ ၂၀၂၄) - မေ ၀၈, ၂၀၂၄
    ဂါဇာတောင်ပိုင်း Rafah မြို့ကို အစ္စရေး ထိုးစစ်ဆင်တိုက်ခိုက်တဲ့အပေါ် ကာတာနဲ့ အာဖရိကသမဂ္ဂတို့က စိုးရိမ်ကြောင်း ပြော၊ ဘိုးရင်း ကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့တာကို အမေရိကန် ဆိုင်းငံ့၊ ယူကရိန်းနိုင်ငံအနောက်ပိုင်း Lviv ဒေသကို ရုရှားတိုက်ခိုက်တဲ့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ချိရေးဌာန ပျက်ဆီး
    8 May 2024, 1:04 pm
  • 29 minutes 58 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၇၊ ၂၀၂၄) - မေ ၀၇, ၂၀၂၄
    ဂါဇာ Rafah ဒေသကိုအစ္စရေးစစ်တပ်က သိမ်းပိုက်လိုက်ပြီလို့ ဒီနေ့ပြော၊ရုရှားသမ္မတPutin ၅ ကြိမ်မြောက်သမ္မတသက်တမ်းအတွက်ကျမ်းသစ္စာ ကျိန်ဆို၊စစ်ကောင်စီကို ဆန့်ကျင်နေတဲ့အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksinတွေ့ဆုံခဲ့တာဟာ ထိုင်းအစိုးရနဲ့ပတ်သက်မှုမရှိလို့ ထိုင်းနိုင်ခြားရေးဝန်ကြီးအသစ်ပြော။
    7 May 2024, 1:04 pm
  • 29 minutes 28 seconds
    နေ့စဉ် တီဗွီသတင်းလွှာ (မေ ၆၊ ၂၀၂၄) - မေ ၀၆, ၂၀၂၄
    ဂါဇာကမ်းမြောင် Rafah အရှေ့ပိုင်း ဒေသကလူတွေကို Khan Yunis အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်ပေးထားတဲ့ ဒေသတွေကို ရှောင်တိမ်းပေးကြဖို့ အစ္စရေးစစ်တပ် ထုတ်ပြန်၊ ရုရှား-ယူကရိန်းအရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဥရောပနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ တရားမျှတတဲ့ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးဖို့ ပြင်သစ်သမ္မတ က တရုတ်သမ္မတ ကိုတိုက်တွန်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ က ဒု တပ်မမှူး အပါအဝင်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ လက်နက်ချခဲ့တယ်လို့ အာရက္ခတပ်တော် AA ထုတ်ပြန်
    6 May 2024, 1:04 pm
  • More Episodes? Get the App
© MoonFM 2024. All rights reserved.