ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  • 15 minutes 22 seconds
    ICC အကျိုးဆောင်ရှေ့နေက အစ္စရေးခေါင်းဆောင်တွေနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်းနိုင်ဖို့ ဝရမ်းလျှောက်ထားမယ်လို့ဆို

    မေလ ၂၀ ရက်၊ တနင်းလာနေ့ ညပိုင်း ဘီဘီစီ မြန်မာရေဒီယို အစီအစဉ်

    - နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး ICC အကျိုးဆောင်ရှေ့နေက အစ္စရေးခေါင်းဆောင် ၂ ယောက်နဲ့ ဟားမတ်စ် ခေါင်းဆောင် ၃ ယောက်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ လျှောက်ထားမယ်လို့ဆို

    - ဝိုင်းမော်တိုက်ပွဲတွေကြောင့် ဒေသခံတွေ အများအပြား ဧရာဝတီမြစ် တဘက် ကမ်း မြစ်ကြီးနားကို တိမ်းရှောင်နေကြ

    စတဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ သတင်းတွေကို နားဆင်ကြရမှာပါ

    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။

    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    20 May 2024, 2:31 pm
  • 15 minutes 23 seconds
    ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အာဏာသိမ်းဖို့ ကြံစည်မှုကို တားဆီးလိုက်နိုင်တယ်လို့ စစ်တပ်ပြော

    -ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အာဏာသိမ်းဖို့ ကြံစည်မှု စစ်တပ်က တားဆီးလိုက်နိုင် - ဘူးသီးတောင်မြို့နယ်ကို အေအေက မနေ့က သိမ်းပိုက်ခဲ့အပြီး အခြေအနေ - ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့အကြား တိုက်ပွဲပြင်းထန် - NUG နဲ့ ချင်းပြည်ကောင်စီတို့ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး - အာဖဂန်မြောက်ပိုင်းမှာ ရုတ်တရက်ရေကြီးမှုအတွင်း အနည်းဆုံး လူ ၄၇ ဦး သေဆုံး - သေနတ်ပစ်ခတ်ခံခဲ့ရအပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် အသက်ဘေး စိုးရိမ်စရာမရှိတော့ - ထိုင်ဝမ်ကျွန်းတဝိုက် ကင်းစောင့်တပ်ဖွဲ့တွေ ပိုတိုးချထား

    19 May 2024, 2:08 pm
  • 15 minutes 4 seconds
    ဘူးသီးတောင် တမြို့လုံးနီးပါး မီးရှို့ခံရ၊ ရွှေစျေး သိန်း ၅ဝ ကျော်နဲ့ ရွှေစျေးကွက်

    အာဖဂန်မှာ ရေကြီးလို့ လူ ငါးဆယ် သေဆုံး၊ ရုရှားထိုးစစ်ကြောင့် လူတသောင်းကို ရွှေ့ပြောင်း

    18 May 2024, 2:16 pm
  • 15 minutes 25 seconds
    စစ်ကောင်စီကို အိန္ဒိယက လက်နက်၊ နည်းပညာနဲ့ လောင်စာဆီ ရောင်းချနေတာတွေ ရပ်တန့်ဖို့ Justice for Myanmar တောင်းဆို

    - ယူကရိန်း ဒုတိယမြို့တော်ကို လောလောဆယ် သိမ်းပိုက်မှာ မဟုတ်သေးဘူးလို့ ရုရှားသမ္မတပြော - စစ်ကောင်စီကို အိန္ဒိယက လက်နက်၊ နည်းပညာနဲ့ လောင်စာဆီ ရောင်းချနေတာတွေ ရပ်တန့်ဖို့ Justice for Myanmar တောင်းဆို - ကျုံအိတ်တံတား မိုင်းခွဲခံခဲ့ရအပြီး တစ်ပတ်အကြာ ယာယီ မြေသားလမ်းလွှဲကနေ ယာဉ်တချို့ စတင် သွားလာ - လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ဒေါက်တာ ခလမ် ဆမ်ဆန်ကို စစ်ကောင်စီ ပြန်ထိန်းသိမ်းထားတာ တစ်လ ပြည့်ပြီ - ဂါဇာထိုးစစ်ဆင်မှုဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ဘူးလို့ တရားရုံးမှာ အစ္စရေးငြင်းဆို - တရုတ် အိမ်မြေစျေးကွက်ကို ကယ်ဆယ်ဖို့ ရောင်းမထွက်တဲ့ အိမ်သန်းပေါင်းများစွာထဲက တချို့ကို ပြန်ဝယ်မယ်လို့ အစိုးရ ကြေညာ - ဂျူးဘုရားကျောင်းကို မီးရှို့ဖို့ ကြိုးစားသူ ရဲက ပစ်ခတ်ဖမ်းဆီး - ထိုင်ဝမ်ပါလီမန်တွင်းမှာ အမတ်တွေအချင်းချင်း ထိုးကြိတ်

    17 May 2024, 2:18 pm
  • 15 minutes 24 seconds
    ဆလိုဗက်ကီးယား ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့မှုနဲ့ လူတစ်ဦးကို စွဲချက်တင်

    - ဆလိုဗက်ကီးယား ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့မှုနဲ့ လူတစ်ဦးကို စွဲချက်တင် - စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ကူမင်းမြို့မှာ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေး - NUG နဲ့ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းတွေ ဂျပန်အစိုးရကိုယ်စားလှယ်တွေနဲ့ ဂျပန်နိုင်ငံမှာ တွေ့ဆုံ - နှစ်နှစ်နီးပါး လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၁၄ ရွာ လျှပ်စစ်မီးပြန်ရ - တရုတ်နဲ့ ရုရှားခေါင်းဆောင် နှစ်ဦး ဘေဂျင်းမြို့မှာ တွေ့ဆုံ - ဂျာမနီ လက်ျာစွန်းပါတီ အမတ်တစ်ဦးရဲ့ အိမ်ကို ရဲက စီးနင်းရှာဖွေ - စံချိန်တင်အမြတ်ထွက်ခဲ့တဲ့ စင်္ကာပူလေကြောင်းကုမ္ပဏီက ဝန်ထမ်းတွေကို ၈ လနီးပါးစာ လစာငွေဆုကြေး ပေးမယ်

    16 May 2024, 2:16 pm
  • 15 minutes 30 seconds
    အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် နေပြည်တော်ကို လပိုင်းအတွင်း ဒုတိယအကြိမ်ရောက်ရှိ

    - ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၂ ဘီလျံ ထောက်ပံ့မယ်လို့ အမေရိကန်ပြော - ဆလိုဗက်ကီးယား ဝန်ကြီးချုပ် သေနတ်ပစ်ခံရပြီး ဆေးရုံပို့ထားရ - အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် နေပြည်တော်ကို လပိုင်းအတွင်း ဒုတိယအကြိမ်ရောက်ရှိ - ဂျပန်အစိုးရ ကိုယ်စားလှယ်တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နဲ့ တွေ့ဆုံ - မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း လူအယောက် ၄၀ ထက်မနည်းသေဆုံး - ထောင်ကားတစ်စင်း ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း ပြင်သစ်ထောင်အရာရှိ နှစ်ဦးသေဆုံးခဲ့အပြီး ထောင်ဝန်ထမ်းတွေ ဆန္ဒပြ - ဇိမ်ခံသင်္ဘောတွေနဲ့ ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေ ဗီဇာမလိုဘဲ တရုတ်နိုင်ငံထဲ ဝင်နိုင်တော့မယ်

    15 May 2024, 2:17 pm
  • 15 minutes 29 seconds
    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ထဲကနေ တခြားနေရာ ထပ်ပြောင်းရွှေ့ ထားရှိတယ်လို့ စုံစမ်းသိရ

    - ဒီမိုကရေစီတောင်းဆိုသူ ထိုင်းအမျိုးသမီး အစာငတ်ခံဆန္ဒပြအပြီး ထောင်ထဲမှာ သေဆုံး - ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ထဲကနေ တခြားနေရာ ထပ်ပြောင်းရွှေ့ ထားရှိတယ်လို့ စုံစမ်းသိရ - မကွေးနဲ့ စစ်ကိုင်း ရင်ဆိုင်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က နည်းဗျူဟာ ပြောင်းလာသလား - မိုခါမုန်တိုင်း တစ်နှစ်ပြည့်ကာလ ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေးအခြေအနေ - အရပ်ဘက်နဲ့ မီဒီယာအဖွဲ့အစည်းတွေကို ပြည်ပထောက်ပံ့ငွေ ထုတ်ပြခိုင်းတဲ့ ဥပဒေ ဂျော်ဂျီယာပါလီမန် အတည်ပြု - ဟောင်ကောင်အတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ သံသယတရားခံ ၃ ဦးကို ဖမ်းဆီးအပြီး ဗြိတိန်အစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်မေးမြန်း - ဂါဇာအပစ်ရပ် သဘောတူရရေး ညှိနှိုင်းမှု ရှေ့မတိုးနောက်မဆုတ်သာ ရပ်တန့်နေတယ်လို့ ကြားဝင်စေ့စပ်တဲ့ ကာတာနိုင်ငံပြော

    14 May 2024, 2:33 pm
  • 15 minutes 20 seconds
    ဘူးသီးတောင်မြို့နယ် အတွင်းက မွတ်ဆလင် ၇ ထောင်လောက် အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်နယ်မြေထဲ ဝင်‌ရောက် ခိုလှုံလာ

    - ယူကရိန်းအရှေ့မြောက်ပိုင်းနယ်စပ်ကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော် ထိုးစစ်ဆင် - ဘူးသီးတောင်မြို့နယ် အတွင်းက မွတ်ဆလင် ၇ ထောင်လောက် အာရက္ခတပ်တော် (AA)ရဲ့ ထိန်းချုပ်နယ်မြေထဲ ဝင်‌ရောက် ခိုလှုံလာ - ပူတာအိုနဲ့ ဗန်းမော်မှာ တိုက်ပွဲတွေ ပြင်းထန် - ဇီဝအချက်အလက် အခြေပြုသက်သေခံ UID ကဒ် ပြုလုပ်လိုသူတွေ များလာနေသလို လာဘ်ယူမှုတွေ ရှိနေ - ဆန္ဒပြသူတွေကို ဂျော်ဂျီယာ အာဏာပိုင်တွေရဲ့ နှိမ်နင်းပုံနဲ့ ပတ်သက်လို့ အီးယူဝေဖန် - ဟောင်ကောင် ထောက်လှမ်းရေးကို ကူညီခဲ့တယ်ဆိုတဲ့ လူ ၃ ဦးကို လန်ဒန်တရားရုံးမှာ ရုံးတင်စစ်ဆေး - ဝူဟန်မြို့ ပထမဆုံး ကိုဗစ်ရောဂါဖြစ်ပွားမှုကို သတင်းပို့ခဲ့တဲ့ သတင်းထောက်အမျိုးသမီး ထောင်ကနေ ပြန်လွတ်လာရမယ့် အချိန်ကျ

    13 May 2024, 2:45 pm
  • 15 minutes 59 seconds
    - ရုရှားတပ်တွေ ရှေ့တိုးတိုက်ခိုက်လာနေမှုက ယူကရိန်းနိုင်ငံ ဟာကိမြို့နားကို ရောက်လာပြီ

    - မကွေးတိုင်း၊ ဆော မြို့နယ်၊ အကြည်ပလွန်း ကျေးရွာမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ခန့်သေဆုံးပြီး မန္တလေးတိုင်းမြင်းခြံမြို့နယ် ဆုံရွာမှာတော့ PDF နဲ့ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားလို့ လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဆက်သွယ်မေးမြန်းချက်။

    - တောင်ကိုရီးယားမှာ ပြည်ပနိုင်ငံတွေက ဆရာဝန်တွေကို ခန့်ထားတော့မယ် - တရုတ်နဲ့ ဖိလစ်ပိုင်ကြား သံတမန်ရေး ဆိုင်ရာတင်းမာမှု ရှိလာတဲ့ အနေအထား - ဂျပန်မှာ ပေါင်မုန့်ထဲ ကြွက်သေတွေလို့ ပေါင်မုန့်အလုံးပေါင်း တသိန်းကျော် ဆိုင်တွေက ပြန်သိမ်းနေတဲ့ အခြေအနေ စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မ‌ကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက် #မြန်မာ #ယောဒေသ #ဘုန်းကြီးကျောင်း #ဗုံးကြဲခံရမှု #လူသေဆုံးမှု #အမျိုးသမီး

    10 May 2024, 2:22 pm
  • 15 minutes 54 seconds
    ထားဝယ် မြိတ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ ပဲဒက်စခန်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူလိုက်တဲ့ အခြေအနေ

    - ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့နိုင်ငံရေး အတိုက်အခံအင်အားစုတွေ လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့တွေ့ဆုံမှုဟာ ရှုတ်ထွေးမှုတွေ ဖြစ်စေတယ်လို့ ထိုင်းအောက်လွှတ်တော် ကော်မတီက ထုတ်ပြန်လာတဲ့ နောက်ဆက်တွဲ အခြေအနေ - အိန္ဒိယမှာ တန်ဖိုးသင့် လေကြောင်းလိုင်းက ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် ဖျားနာခွင့်ယူတာကြောင်း လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားရ - ဂါဇာက ရာဖာနယ်စပ်ဂိတ်မှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးလုပ်ရပ်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ရှုတ်ချ - မလေးရှားမှာ ဘောလုံးသမားတွေ အက်စစ်နဲ့ပက် တိုက်ခိုက်ခံရလို့ ကစားပွဲတွေ ရွှေ့ဆိုင်းထားလိုက်ရ - ဂျပန်မှာ ဆူးတောင် ဝေလငါးတွေ ဖမ်းဆီး နေတဲ့ အခြေအနေ စတဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မ‌ကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက်

    9 May 2024, 2:53 pm
  • 15 minutes 59 seconds
    အမျိုးသား နိုင်ငံခြားထွက်ဖို့ ပြည်ပအလုပ်ခေါ်စာတွေ ပြန်လည် တင်ပြခွင့်ပြုလိုက်တဲ့ အခြေအနေ။

    - ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုချက် အပေါ် စစ်ကောင်စီ ဘက်က ဘယ်လိုသဘောထားရှိသလဲ - ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့နိုင်ငံရေး အတိုက်အခံအင်အားစုတွေ လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့တွေ့ဆုံမှု နောက်ဆက်တွဲ - ဂါဇာက ရာဖာနယ်စပ်ဂိတ်မှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးကို ကာတာနဲ့ ယူအေအီးက ရှုတ်ချလိုက်တဲ့ အကြောင်း - ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ ယူကရိန်း တလွှား တိုက်ခိုက်ခဲ့လို့ တနိုင်ငံလုံး လျှပ်စစ်ဓါတ်အား ပြတ်တော်မှု ရှိလာနိုင်တယ်လို့ မီးပေးတဲ့ ကုမ္ပဏီတွေက ပြောကြားလိုက်တဲ့ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို#မ‌ကွေးတိုင်း #ထီးလင်းမြို့ #ပအဖရုံး #လေကြောင်းတိုက်ခိုက်

    8 May 2024, 2:35 pm
  • More Episodes? Get the App
© MoonFM 2024. All rights reserved.