အပတ်စဉ် တီဗွီမဂ္ဂဇင်း - ဗွီအိုအေ

ဗွီအိုအေ

  • 29 minutes 58 seconds
    ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၁၉၊ ၂၀၂၄) - မေ ၁၉, ၂၀၂၄
    နယ်သာလန်နိုင်ငံမှာ ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးနေတဲ့ ပန်းချီဆရာမ နာမည်ကြီး၊ တောင်ကိုရီးယားလူရွှင်တော် ဗုဒ္ဓတရားတော်ကို EDM အီလက်ထရောနစ်အကဂီတနဲ့ ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဒူဘိုင်းမှာ အွန်လိုင်းလိမ်လည်မှုတွေ သတိထားဖို့ ပြောထားတဲ့ GenZ အစီအစဉ်၊ ဂျာမဏီက ရှေးအနုပညာလက်ရာတွေနဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသက တိုင်းရင်းသတင်းမီဒီယာအကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    19 May 2024, 1:02 pm
  • 29 minutes 59 seconds
    ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၁၈၊ ၂၀၂၄) - မေ ၁၈, ၂၀၂၄
    စစ်ကောင်စီအကြီးအကဲ အာဆီယံနဲ့ တွေ့ဆုံ၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ကူမင်းစည်းဝေးပွဲ၊ ဒီလို တပတ်အတွင်း သတင်းများ၊ စစ်ရေးအခြေအနေမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှု တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၁၈ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    18 May 2024, 1:01 pm
  • 29 minutes 58 seconds
    ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၁၂၊ ၂၀၂၄) - မေ ၁၂, ၂၀၂၄
    သစ်ရွက်တွေနဲ့ ဆေးကုတဲ့ ဒေါက်တာမျောက်ဝံ၊ အလှဆုံး ဖူဂျီတောင်မြင်ကွင်းကို တံတိုင်းနဲ့ ဖုံးကွယ်မယ့်သူများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်က အစ္စရေးဆန္ဒပြပွဲတွေ တားဆီးခံရတဲ့ကိစ္စ လူငယ်တွေအမြင် GenZ အစီအစဉ်၊ ဂျာမဏီမှာ အလည်ထွက်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ မျှော်လင့်ချက်နဲ့ လက်တွေ့ ထပ်တူမကျတဲ့ လူငယ့်ဘဝအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    12 May 2024, 1:04 pm
  • 29 minutes 59 seconds
    ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၁၁၊ ၂၀၂၄) - မေ ၁၁, ၂၀၂၄
    မြန်မာဆိုက်ဘာ ဒုစရိုက်ဂိုဏ်းတွေဆီ အင်တာနက် ထိုင်းဖြတ်တောက်ဖို့ လုပ်ဆောင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံမှုအပေါ် တုံ့ပြန်ချက်များ၊ ဒီလို တပတ်အတွင်း သတင်းများ၊ တရုတ်ရဲ့ မြန်မာအပေါ်သဘောထား တွေ့ဆုံမေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၁၁ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    11 May 2024, 1:00 pm
  • 29 minutes 58 seconds
    ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၅၊ ၂၀၂၄) - မေ ၀၅, ၂၀၂၄
    အငိုသန်တဲ့ကလေးတွေ ဆုရမယ့် ကလေးအငိုပြိုင်ပွဲ၊ ဥရောပမှာ စင်ရော်လို အတူနိုင်ဆုံး လိုက်အော်တတ်တဲ့ ကလေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စစ်ဘေးသင့် ကလေးလူငယ်တွေ အားဖြစ်စေတဲ့ ဂီတကျောင်းလေးအကြောင်း ပြောပြတဲ့ GenZ အစီအစဉ်၊ ဂျာမနီက ဆေးပညာ ပြတိုက်ရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မဲဆောက်ကို ရောက်လာကြသူများ ရင်ဖွင့်တဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    5 May 2024, 1:01 pm
  • 29 minutes 58 seconds
    ဗွီအိုအေ တပတ်အတွင်းသတင်း (မေ ၄၊ ၂၀၂၄) - မေ ၀၄, ၂၀၂၄
    မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေများ ကမ္ဘာ့အဆင့် အောက်ဆုံးမှာရှိ၊ မြန်မာနိုင်ငံ အပူဒဏ် အထူးပြင်းထန်၊ ဒီလို တပတ်အတွင်း သတင်းများ၊ သတင်းလွတ်လပ်ခွင့်နေ့ အထူးစကားဝိုင်းဆွေးနွေးခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ မေ ၄ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    4 May 2024, 1:01 pm
  • 29 minutes 44 seconds
    ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၂၈၊ ၂၀၂၄) - ဧပြီ ၂၈, ၂၀၂၄
    သက်သတ်လွတ် စားစေချင်လို့ ခွေးသားရောင်းတယ် ဆိုသူများ၊ ကလေးတယောက်တည်း ရှိပေမဲ့ ကျောင်းဖွင့်ထားပြီး စာသင်ပေးနေတဲ့ ရွာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မိခင်ဘာသာစကား တတ်ထားတာ လူငယ်တွေအတွက် အထောက်အကူရတယ်ဆိုတာ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက သက်တမ်းအရင့်ဆုံး တက္ကသိုလ်ကိုသွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာစကားအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
    28 April 2024, 1:04 pm
  • 30 minutes
    ဗွီအိုအေ တပတ်အတွင်းသတင်း (ဧပြီ ၂၇၊ ၂၀၂၄) - ဧပြီ ၂၇, ၂၀၂၄
    ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့က အခြေအနေ အေးလိုက်၊ တိုက်ပွဲဖြစ်လိုက်နဲ့မို့ ဒုက္ခသည်တွေ ပြေးလိုက်၊ ပြန်လိုက်ဖြစ်၊ MNDAA က သေဒဏ်ချမှတ်ထားသူ ၃ ယောက်ကို ကွပ်မြတ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ အရေးယူနိုင်ခြေ မေးမြန်းခန်း လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၂၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    27 April 2024, 1:00 pm
  • 29 minutes 58 seconds
    ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၂၁၊ ၂၀၂၄) - ဧပြီ ၂၁, ၂၀၂၄
    ရွံစရာကောင်းတဲ့ အစားအသောက် ပြတိုက် ဘာလင်မြို့မှာ ဖွင့်လှစ်၊ အင်္ဂလန်ကနေ အာဖရိက နိုင်ဂျီးရီးယားကို ခရီးရှည်ကားမောင်းသူ အမျိုးသမီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဖင်လန်မှာကျောင်းတက်နိုင်ဖို့ ပြောပြတဲ့ GenZ အစီအစဉ် ၊ ဂျာမနီက ရိုမန့်တစ်နန်းတော်အရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အားပေးတဲ့အငြိမ့်၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
    21 April 2024, 1:02 pm
  • 29 minutes 58 seconds
    ဗွီအိုအေ တပတ်အတွင်းသတင်း (ဧပြီ ၂၀၊ ၂၀၂၄) - ဧပြီ ၂၀, ၂၀၂၄
    ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်တွေ အင်အားအပြည့်နဲ့ ကြိုးပမ်း၊ စစ်မှုထမ်းဖို့ ခေါ်ခံရသူ ၅,၀၀၀ ရှိပြီလို့ သုတေသနအချက်အလက် ပြောကြား၊ ဒီလို တပတ်အတွင်း သတင်းများ၊ မြန်မာနိုင်ငံအနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပအို၀်းပါ၀င်မှု ဆက်သွယ်မေးမြန်းချက်နဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၂၀ ရက် စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    20 April 2024, 1:04 pm
  • 29 minutes 58 seconds
    ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ၊ ၁၄ ရက်၊ ၂၀၂၄) - ဧပြီ ၁၄, ၂၀၂၄
    နယူးယောက်မြို့ ရှားပါးစာအုပ်ပြပွဲမှာ လူ့အရေပြားနဲ့ အဖုံးချုပ်ထားတဲ့စာအုပ် ရောင်းချ၊ ဂျပန် တိုကျိုမြို့တော်မှာ အများသုံး အိမ်သာတွေကို လည်ပတ်နိုင်တဲ့ ခရီးသွားအစီအစဉ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ကချင်လူငယ်ဒီဇိုင်နာရဲ့ လက်ရာဆန်းများ GenZ အစီအစဉ် ၊ ဂျာမနီက ရေခဲတောင်ဒေသမြို့လေးကို သွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းနိုင်ငံမှာ မြန်မာကျောင်းသားတွေ ဝင်နွှဲတဲ့ သင်္ကြန်ပွဲ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၁၄ ရက်၊ ကောဇာသက္ကရစ် ၁၃၈၅ နှောင်းတန်ခူးလဆန်း ၅ ရက် မဟာသင်္ကြန်အကျနေ့ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
    14 April 2024, 1:01 pm
  • More Episodes? Get the App
© MoonFM 2024. All rights reserved.