The Travelling Lion | Myanmar Podcast

Thiha Lu Lin

  • 32 minutes 11 seconds
    ပန်းပွင့်တို့၏နေ့စဉ်ချစ်ခြင်း [ဂျူး] Audiobook, Read by Thiha Lu Lin သီဟလုလင်

    ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ ပေးလေ့ပေးထရှိတဲ့ အသိပညာဗဟုသုတတွေလည်း ပါဝင်တဲ့ ဝတ္ထုတိုလေးကို ပညာပေးမဆန်ဘဲ ရသအစွမ်းနဲ့ဖတ်ရသူ မပျင်းရိရဘဲ စီးမျောသွားအောင် ရေးဖွဲ့သွားပါတယ်။

    စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    7 February 2023, 4:46 pm
  • 8 minutes 27 seconds
    မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ [ဂျူး] Audiobook by သီဟလုလင်

    ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

    စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    25 January 2023, 9:02 am
  • 13 minutes 40 seconds
    ထိုင်း ဘန်ကောက် မှာ ကားမောင်းလိုင်စင် လုပ်ပြီး ကားမောင်းမယ်ဆိုရင် | Driving in Bangkok Thailand

    ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက် အတော်လေးများနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ကားမောင်းဖို့လည်း အကြောင်းဖြစ်လာကြပါတယ်။ ထိုင်းရဲ့ တခြားဒေသတွေမှာ ကားမောင်းရတာက ဘန်ကောက်လို ခက်ခဲရှုပ်ထွေးမှုမျိုးနည်းလို့ တခြားမြို့တွေမှာ နေထိုင်သွားလာသူတွေအတွက် မြန်မာပြည်မှာ ကားမောင်းအတွေ့အကြုံရှိထားရင် အရမ်းလွယ်ကူပါတယ်။ ဘန်ကောက်ရဲ့မိုးပျံလမ်း အထပ်ထပ်ကြောင့်သာ မျက်စိလည်စရာဖြစ်ရပြီး အမြန်လမ်းတွေကြောင့် ရုတ်တရက် ကြောက်စိတ်ဖြစ်ရတတ်ပါတယ်။ ဒီအကြောင်းလေးတွေကို ဒီ Podcast မှာ ပြောထားသလို ဘန်ကောက်မှာ ယာဉ်မောင်းလိုင်စင် ဘယ်လိုလုပ်သလဲဆိုတာပါ ပြောပြပေးထားပါတယ်ဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    30 October 2022, 5:35 am
  • 1 hour 18 minutes
    ခရီးသွားရင်း သီချင်းနားထောင်တယ် (၇၀၊ ၈၀ ခုနှစ်များဆီ)

    ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော် ရှာတွေ့သမျှ နားထောင်မိသမျှ သဘောကျတာလေးတွေကို ရင်ဘတ်ချင်းတူသူတွေလည်း နားဆင်နိုင်ဖို့ ပြန်ပြီးဝေမျှပါတယ်ခင်ဗျာ။ ခရီးမထွက်ရရင် သီချင်းနားထောင်ပြီး ခရီးသွားရတုန်းက ခံစားမှုတွေ ပြန်ခံစားကြရအောင်ပါဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    5 November 2021, 2:33 pm
  • 44 minutes 25 seconds
    အမှတ်တရများစွာနဲ့ နတ်မတောင်တက်ခရီး | How we trekked Mount Victoria in Chin Land

    သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို ‌အမြန်ဆုံး ဘေးကင်းရှင်းပြီး အရင်လို ခရီးသွားတွေနဲ့ ပြန်လို့ အသက်ဝင်စေချင်လှပါပြီ။ ဒီနေ့ Podcast လေးမှာလည်း တကယ်ကို လွမ်းစရာဖြစ်ရတဲ့ ဒီခရီးစဉ်ကို တင်ဆက်ပေးထားပါတယ်ခင်ဗျာ။

     

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    25 September 2021, 2:27 pm
  • 37 minutes 31 seconds
    ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ (အပိုင်း - ၂)

    ၂၀၀၅ ခုနှစ်တုန်းက ထင်ပါတယ်။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ စာအုပ်ဟောင်းလေးတစ်ခုကို ငယ်ငယ်လေးတုန်းက ဖတ်ခဲ့ဖူးပေမဲ့ ခု စာအုပ်စဉ်မှာ ပြန်တွေ့လို့ တစ်ခါ ပြန်ဖတ်ရင်း သဘောကျလို့ အသံထွက်စာအုပ်လေး အဖြစ် အသက်သွင်းဖြစ်ပါတယ်။ မူရင်းက Dr. Spencer Johnson ရဲ့ "Who Moved My Cheese" ပါ။ မူရင်းစာအုပ်မှာကို အတော်ရောင်းကောင်းခဲ့တာ သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ မြန်မာဘာသာပြန်ဆိုပေးတာတော့ ဆရာ တင်မောင်မြင့် ပါ။ ငယ်ငယ်တုန်းက အင်္ဂလိပ်လို မကျွမ်းကျင်ချိန် နားလည်သဘောပေါက်အောင် မြန်မာလို ချောချောမွေ့မွေ့ ဘာသာပြန်ပေးခဲ့လို့ ပညာအလင်း ရခဲ့တယ်လို့ပဲ ဆိုပါရစေ။ ဒီစာအုပ်ဟာ လက်တွေ့ဘဝမှာ လုပ်ငန်းခွင်ထဲဖြစ်ဖြစ်၊ ပြင်ပလူမှုရေးရာဖြစ်ဖြစ်၊ ကျောင်းတွင်း၊ အိမ်တွင်းရေးရာတွေပဲ ဖြစ်ဖြစ် အားလုံးမှာ အသုံးချနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီနေ့တော့ အပိုင်း (၂) ဇာတ်သိမ်းလေး ကို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    18 September 2021, 11:56 am
  • 36 minutes 33 seconds
    ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ (အပိုင်း - ၁)

    ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်စေတဲ့ အတွေးအမြင်တွေကို ရရှိစေလို့ ခုလိုချိန်မျိုးမှာ နားဆင်သင့်တယ်လို့ ဆိုပါရစေ။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ ဒီစာအုပ်လေးဟာ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းဟောင်း ခေတ်မီနေဆဲပါပဲခင်ဗျာ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    17 September 2021, 9:27 am
  • 11 minutes 49 seconds
    လက်နှီးစုတ်လေး

    Podcast လေးကို ခုလပိုင်းတွေ ပစ်ထားမိသလို ဖြစ်နေတယ်။ ဒီနေ့ Episode လေးမှာတော့ သဘောကျမိတဲ့ အတွေးအမြင် အကြောင်းအရာလေးတစ်ခုကို တင်ဆက်ချင်ပါတယ်။ လက်နှီး (လက်သုတ်ပုဝါ) လေးတွေကို ကျွန်တော်တို့ ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်မိတာပါ။ စိတ်ကူးတွေးခေါ်စရာ တစ်ခုခု ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီ Episode လေးနားဆင်ပြီး ကိုယ်ခံစားရတဲ့ အတွေးအမြင်လေးတွေကိုလည်း ဝေမျှဆွေးနွေးနေပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    19 August 2021, 4:35 pm
  • 11 minutes 15 seconds
    အင်းဝ က ထူးခြားတဲ့ ရတနာဆမီ (သို့မဟုတ်) ရတနာဆီးမီး ဘုရားစု - Amazing Yadanar Si Mee Pagodas

    ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဝင်စားစရာ လှပတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ အင်းဝမြို့ဟောင်း ဟာလည်း ပါဝင်ပါတယ်။ အင်းဝမြို့ထဲမှာ ဒီနှစ်ပိုင်းတွေ ခရီးသွားတွေကြား ရေပန်းစားလာတဲ့ ရတနာဆီးမီး ဘုရားစု နဲ့ ပတ်သက်သမျှ စုစည်းလို့ ဒီနေ့ ကျွန်တော့်ရဲ့ Podcast ကနေ တင်ပြပေးလိုက်ရပါတယ်။ ခရီးသွားဖို့ ကောင်းတဲ့အချိန် မဟုတ်သေးတော့ သောတအာရုံလေးနဲ့ စိတ်ကူးထဲက ပုံဖော်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    7 July 2021, 2:05 pm
  • 30 minutes 1 second
    အဖေ ဖြစ်ချင် ဖြစ်ထိုက် မှ အဖေ လုပ်ပါ - Be Real Father for Family

    ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ ဖခင်များနေ့ နဲ့ တိုက်ဆိုင်နေလို့ အဖေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ ဝေမျှ ထားပါတယ်။ ဒါ့အပြင် စာရေးဆရာ နတ်ရဲ (ရူပဗေဒ) ရဲ့ "ပင်လယ်ကို မမုန်းပါဘူးဖေဖေ" ဝတ္ထုတို ကို အသံထွက်ဝတ္ထုအဖြစ် ဖခင်များနေ့ အမှတ်တရ အသက်သွင်းထားပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    20 June 2021, 11:26 am
  • 14 minutes 53 seconds
    အသက်သည် သွေး - Donate Blood Save A Life

    ဇွန်လ (၁၄) ရက်နေ့ ကို ကမ္ဘာ့သွေးလှူရှင်များနေ့ လို့ ဆိုပါတယ်။ သွေးလှူဖို့ တွန့်ဆုတ်နေမိတဲ့ ကိုယ့်ကိုကိုယ် ဘာလို့များ တွန့်ဆုတ်နေမိလည်း တွေးမိပြီး ကိုယ့်လို စိတ်ဒွိဟ ဖြစ်နေသူတွေလည်း လှူဖို့ အားတက်အောင်လို့ ဒီနေ့မှာတော့ သွေးလှူခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဆောင်ရန် ရှောင်ရန် တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်ဗျာ။

    | Website: https://www.thihathetraveller.com |
    | Facebook: https://www.facebook.com/travellerthiha |
    | Instagram: https://www.instagram.com/thihalulin |
    | YouTube: https://www.youtube.com/thihalulin |
    | Email me @ [email protected] |

    14 June 2021, 9:54 am
  • More Episodes? Get the App
© MoonFM 2024. All rights reserved.