• 20 minutes 27 seconds
    အာဆီယံကနေ မြန်မာထွက်သွားနိုင်လား

    ထိုင်းခရီးစဉ်အပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံက တောင်းဆိုထားတဲ့ အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကို ပယ်ချလိုက်ရုံတင်မက မြန်မာ့အရေး အထူးကိုယ်စားလှယ်တောင် ခန့်စရာ မလိုဘူးလို့ ထုတ်ပြန်ခဲ့တာဟာ အာဆီယံအသင်းကနေ မြန်မာနိုင်ငံ ထွက်သွားဖို့ စစ်အုပ်စုက ဦးတည်လိုက်တာလားလို့ မေးစရာဖြစ်လာပါတယ်။

    အာဆီယံကိစ္စအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ လတ်တလော ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တို့အပေါ် စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) နဲ့ ဧရာဝတီရဲ့ အမှုဆောင်အယ်ဒီတာ ကိုရဲနည်တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။ 

    22 August 2026, 3:00 am
  • 17 minutes 19 seconds
    Editorial Talk : "မင်းအောင်လှိုင် ပြန်တော့ ထိုင်းမှာ ဘာကျန်ခဲ့လဲ"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင် ပြန်တော့ ထိုင်းမှာ ဘာကျန်ခဲ့လဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

    17 August 2026, 1:00 pm
  • 16 minutes 51 seconds
    ဆွေးနွေးပွဲတွေ မရှိဘဲ အဖြေမရှိနိုင်ဘူး

    မြန်မာ့နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်အဖြေကို ရှာဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးစကားပြောမှ ရမယ်လို့ သတင်းစာဆောင်းပါးရှင် ကိုနေသွင်ညိဏ်းက ဧရာဝတီရဲ့ ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပြောဆိုဆွေးနွေးထားပါတယ်။  

    15 August 2026, 2:00 am
  • 22 minutes 53 seconds
    Editorial Talk : " မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးက ဘယ်သူတွေ ဘာအမြတ်ထွက်လဲ "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ရဲ့ဘန်ကောက်ခရီးကဘယ်သူတွေဘာအမြတ်ထွက်လဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

    10 August 2026, 6:00 am
  • 22 minutes 46 seconds
    ဒိုင်ယာလော့ဆိုတာ နေပြည်တော်သွားဖို့ မဟုတ်ဘူး

    ထိုင်းနိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ကူညီဖို့ ခြေလှမ်းလှမ်းလာခဲ့တဲ့အပေါ် ပအိုဝ်းတိုင်းရင်းသား ဝါရင့် နိုင်ငံရေးသမား ဦးခွန်မြင့်ထွန်းက စနေသတင်းစကားဝိုင်းမှာ နေပြည်တော်စစ်အုပ်စုနဲ့ စကားပြောဆိုရေးထက် တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအဖြေရှာဖို့က ပိုအရေးကြီးတယ်လို့ ပြောပြီး ထိုင်းနိုင်ငံအနေနဲ့  အားပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

    8 August 2026, 2:00 am
  • 19 minutes 33 seconds
    Editorial Talk : " DKBA ၊ KNA နဲ့ BGF ခေါင်းဆောင်တွေ ကျားဖြန့်နဲ့ ဖမ်းခံရနိုင်လား"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "DKBA ၊ KNA နဲ့ BGF ခေါင်းဆောင်တွေကျားဖြန့်နဲ့ဖမ်းခံရနိုင်လား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

    3 August 2026, 6:00 am
  • 14 minutes 34 seconds
    Editorial Talk : "လေဥ ဥနေသော မင်းအောင်လှိုင်"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လေဥဥနေသောမင်းအောင်လှိုင် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

    27 July 2026, 2:00 am
  • 25 minutes 37 seconds
    အမျိုးသမီးသတင်းထောက်တွေ ကြုံနေရတဲ့ လုပ်ငန်းခွင်ထဲက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ

    ဒီတပတ် စနေသတင်းစကားဝိုင်း မှာ အမျိုးသမီးသတင်းထောက်တွေ ကြုံနေရတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုအပါအဝင် လုပ်ငန်းခွင်ထဲက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေအကြောင်း လွတ်လပ်သော သတင်းမီဒီယာကောင်စီ မြန်မာနိုင်ငံရဲ့ ဒု ဥက္ကဋ္ဌဖြစ်သူ ဒေါ်စုမြတ်နဲ့ ဆွေးနွေးထားပါတယ်။

    25 July 2026, 2:00 am
  • 23 minutes 8 seconds
    Editorial Talk : " အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား "

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

    20 July 2026, 6:00 am
  • 18 minutes 42 seconds
    ဘန်ကောက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ဘာလဲ ဘယ်လဲ

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အာဆီယံရေးရာ ကျွမ်းကျင်သူ ကိုဝင်းမင်းနဲ့ မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ဖတ်တရားမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေအကြောင်း ဆွေးနွေးသုံးသပ်ထားပါတယ်။  

    18 July 2026, 3:00 am
  • 22 minutes 46 seconds
    Editorial Talk : "ထိုင်းကဆန္ဒပြပွဲနဲ့ မြန်မာနိုင်ငံက စီးဆင်းလာတဲ့ အဆိပ်"

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းကဆန္ဒပြပွဲနဲ့မြန်မာနိုင်ငံကစီးဆင်းလာတဲ့အဆိပ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

    13 July 2026, 11:00 am
  • More Episodes? Get the App