- 5 hours 28 minutesဖြိုးသီဟ - ပေျာ်ရွှင်ပါစေ
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ပေျာ်ရွှင်ပါစေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးတာပါ။
အစအဆုံး ၁၈ ပိုင်း ရှိပါတယ်၊ ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်ဗျ။
19 August 2023, 7:29 am - 14 hours 8 minutesသာဓု - အတာ ( စဆုံး ၂၈ ပိုင်း )
ဆရာကြီး ဦးသာဓု ရေးသားတဲ့ အတာ ဆိုတဲ့ စာအုပ်လေးကို အသံထွက်ဖတ်ပြတာပါ။
အစအဆုံး ၂၈ ပိုင်း၊ ကြာချိန် ၁၄နာရီ ၀၈ မိနစ် ပါ၊ အစအဆုံးတင်ပေးထားပါတယ်ဗျ။
30 July 2023, 8:51 am - 8 hours 7 minutesအမြန်ရထားပေါ်မှ လူသတ်မှု (စဆုံး - ၁၇ ပိုင်း)
မူရင်း စာရေးဆရာမကြီး အက်ဂါသာခရစ်စတီး ရဲ့ Murder on the orient express ကို
ဆရာတကသိုလ်နေဝင်း မြန်မာပြန်ထားတဲ့ အမြန်ရထားပေါ်မှ လူသတ်မှု ကို ဖတ်ပြထားတာပါ၊
အစအဆုံး ၁၇ ပိုင်း တင်ပေးထားပါတယ်။
26 July 2023, 11:13 am - 8 hours 9 minutesဖြိုးသီဟ - ဗုဒ္ဓအလိုကျ (Minimalism) ( စ-ဆုံး ၁၂ ပိုင်း )
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ဗုဒ္ဓအလိုကျ (Minimalism) ကို အသံထွက် ဖတ်ပြထားတာလေးပါ။
အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများပါခဲ့လျှင် ကျနော့်တာဝန်ပါခင်ဗျာ။
5 June 2023, 11:55 am - 1 day 7 hoursမြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (အတွဲ ၃ - စာအုပ်အမှတ် ၉ မှ ၁၂ ဇာတ်သိမ်းအထိ)
ဆရာကြီး မြသန်းတင့် မြန်မာပြန်ပေးထားတဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို အသံထွက် ဖတ်ပြပေးနေတာဖြစ်ပါတယ်။
အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။
20 April 2023, 4:05 am - 9 hours 2 minutesမြသန်းတင့် - ရှားလော့ဟုမ်း၏ စွန့်စားခန်းများ
ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏ စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြပေးတာဖြစ်ပါတယ်။
အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။
16 April 2023, 11:47 am - 31 minutes 2 secondsဂျူး - ရှင်သန်ခြင်း (ရုပ်ရှင်ခံစားမှု)
ဆရာမဂျူး ရဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးများစွာထဲကမှ ရှင်သန်ခြင်း ဆိုတဲ့ ဆောင်းပါးလေးတပုဒ်ကို အသံထွက်ဖတ်ပြပေးတာပါ။
အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနဲ့ လိုအပ်ချက်များရှိခဲ့ပါက ကျနော့်တာဝန်ပါဗျ။
14 April 2023, 10:19 am - 56 minutes 46 secondsဂျူး - အိပ်မက်ထဲကမြို့တော် (ဝတ္ထုတို)
ဆရာမဂျူး ရဲ့ အိပ်မက်ထဲကမြို့တော် ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။
ပထမပိုင်း နဲ့ ဇာတ်သိမ်းပိုင်း (၂)ပိုင်းခွဲပြီး တင်ပေးသွားပါမယ်။
အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ရှိခဲ့ရင် ကျနော့်တာဝန်ပါခင်ဗျာ။
5 March 2023, 10:48 am - 1 day 8 hoursမြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး Part - 2 (စာအုပ် ၅ မှ ၈ အထိ)
ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို
ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။
ယခုအပိုင်းများက ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲစာအုပ်ရဲ့ ၅အုပ်မြောက်စာအုပ်ကို ဖတ်ပြပေးတာပါ။
အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။
1 February 2023, 9:08 am - 1 day 5 hoursမြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (Part - 1) စာအုပ် ၁ မှ ၄ အထိ အပိုင်း(၅၀)
ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။
ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲမှ အမှာစာများ၊ မှတ်စုများ နှင့်တကွ
စာအုပ် ၁ မှ စာအုပ် ၄ အထိ အပိုင်း(၅၀) ကို Part -1 အနေနဲ့ တင်ပေးပြီး၊ စာအုပ် ၅ မှ ၈ အထိ Part - 2 အနေနဲ့ တင်ပေးသွားပါမယ်ဗျ။
အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။
30 November 2022, 4:09 pm - 18 hours 37 minutesတော်ကောင်းမင်း - ဆန်ပြောင်းနီမိသားစု (ဘာသာပြန်ဝတ္ထုရှည်)
တရုတ်ပြည်ရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ မော်တွန်း စာပေဆု၊ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် နိုဗယ်စာပေဆု တို့အပြင်၊ အခြားနိုင်ငံအသီးသီးရဲ့ စာပေဆုများစွာ ချီးမြှင့်ခံထားရပြီး သူ့စာပေလက်ရာအတော်များများကို ဘာသာပေါင်းများစွာသို့ ပြန်ဆိုခြင်းခံထားရတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး မော့ယန် ရဲ့ စာအုပ်တစ်အုပ်ကို အသံထွက် ဖတ်ပြပေးချင်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း ဆုများရရှိခဲ့ပါသေးတယ်။
ဆန်ပြောင်းနီမိသားစု မှာ မော့ယန်က တရုတ်စာပေလောကထံသာမက ကမ္ဘာ့စာပေလောကထံသို့ပါ တင်ဆက်လိုက်သည့် ဩဇာလွှမ်းမိုးမှုကြီးမားသော လက်ရာတစ်ပုဒ်ဖြစ်ပါသည်။
ဇာတ်ကြောင်းပြောသူကတဆင့် ဂျပန်ခုခံရေး စစ်ပွဲကာလအတွင်း သူ၏ ဘိုးဘွားများက ကောင်းမိတုန်းပေတိုက်နယ်တွင် ရဲဝံ့စွန့်စား၊ ကြေကွဲလိှုက်လှဲဖွယ်ကောင်းစွာ ခြိမ့်ခြိမ့်သဲ ကပြအသုံးတော်ခံခဲ့ကြပုံ၊ ရှေးလူကြီးသူမများသည် တဖက်မှာ ကျူးကျော်သူ ဂျပန်တို့ကို ခုခံတိုက်ခိုက်ရင်း တစ်ဖက်မှာလည်း နောင်လာနောက်သားမျိုးဆက်သစ်များ မယှဉ်သာလောက်သည့် ဂန္တဝင်မြောက်အချစ်ပွဲများကို ဆင်နွှဲခဲ့ကြသည်။ စိတ်ကူးအတွေး နယ်ချဲ့နိုင်စရာများစွာတို့ ထုံမွမ်းနေသော ဤဝတ္ထုဖြင့် မော့ယန်က သူ၏ ဇာတိ ကောင်းမိတုန်းပေတိုက်နယ်ကို ကမ္ဘာ့စာပေထံသို့ ဆောင်ကြည်းမိတ်ဆက်ပေးလာခဲ့ပါသည်။
ဆန်ပြောင်းနီမိသားစု တွင် ဆန်ပြောင်းနီ၊ ဆန်ပြောင်းအရက်၊ ခွေးလမ်း၊ ဆန်ပြောင်းအသုဘ၊ အသေဆန်း ဟူသော အပိုင်း(၅)ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။
8 October 2022, 12:08 pm - More Episodes? Get the App