• 10 minutes
    စစ်တပ်က လော်ဘီလုပ်ဖို့ ငှားလိုက်တဲ့ ထရမ့်ရဲ့ လူယုံက ဘယ်သူလဲ

    ရော်ဂျာစတုန်းအနေနဲ့ စစ်ဝတ်စုံချွတ် မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအတွက် တကယ်တမ်း ဘာတွေလုပ်ပေးနိုင်မလဲ… သူ့ရဲ့ ဖောက်သည်ကြီး ဒေါ်နယ်ထရမ့်ရဲ့ အစိုးရလက်ထက်မှာ ရော်ဂျာ စတုန်းအနေနဲ့ ဘယ်လောက်အထိ သြဇာသက်ရောက်မှု ရှိလာမလဲ။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    2 May 2026, 8:39 am
  • 12 minutes 16 seconds
    အိုပက် ရေနံအဖွဲ့ကြီးကနေ ယူအေအီးနုတ်ထွက်ပြီး ဘာဆက်ဖြစ်မလဲ

    ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်သွားတာနဲ့ တပြိုင်နက် ယူအေအီးဟာ ဘယ်သူ့တားဆီးမှုမှမရှိဘဲ ရေနံတွေကို အလုံးအရင်းနဲ့ ထုတ်လာဖို့ ရှိနေပါတယ်။ ဒါဟာ ရေနံစျေးနှုန်းကို ကျဆင်းစေနိုင်သလို၊ ဆော်ဒီရဲ့ မဟာဗျူဟာကိုလည်း အားနည်းသွားစေပြီး OPEC အဖွဲ့ကြီးရဲ့ အနာဂါတ်လည်း ယိုင်နဲ့လာနိုင်ပါတယ်။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    29 April 2026, 8:43 am
  • 19 minutes 10 seconds
    အီရန်ကို ဘယ်သူ မောင်းနှင်နေသလဲ

    ၂ လနီးပါးရှိလာပြီဖြစ်လို့ ဒါဟာ အီရန်ခေါင်းဆောင် သမိုင်းမှာ အတော်ကိုရှားပါးတဲ့အခိုက်အတန့်ပါ။ ခေါင်းဆောင်က လူလုံးထွက်မပြနိုင်ပေမဲ့ အီရန်ဟာ ဒီနေ့ထိ အမေရိကန်ကို တုံ့ပြန်နေဆဲ ဆက်ပြီးတောင့်ခံနေဆဲဆိုတာကို မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ တနည်းအားဖြင့် အီရန်ကို တကယ်တမ်း ဘယ်သူက မောင်းနှင်နေသလဲဆိုတာပါ။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    25 April 2026, 11:19 am
  • 29 minutes 48 seconds
    ရုပ်ပုံလွှာ | ဂျရက် ကပ်ရှ်နာ

    သူဟာ ရွေးကောက်ခံရသူ မဟုတ်ပါဘူး။ သူ့ရဲ့ ဘဏ္ဍာရေး အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်တာမျိုး မရှိပါဘူး။ လွှတ်တော်ရဲ့ အတည်ပြုချက်ကိုလည်း မယူထားရပါဘူး။ သူဟာ လူတစ်ယောက်တည်းကိုပဲ ပြန်လည်ဖြေရှင်းဖို့ တာဝန်ရှိပြီး အဲဒီလူကတော့ သူ့ရဲ့ ယောက္ခမ ဖြစ်နေပါတယ်။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    22 April 2026, 11:22 am
  • 19 minutes
    အဖြေမထွက်ခဲ့တဲ့ အီရန်-အမေရိကန် ၂၁ နာရီကြာ ဆွေးနွေးပွဲ

    ပါကစ္စတန် အစ္စလာမာဘတ်မြို့မှာ ကျင်းပခဲ့တဲ့ အီရန်-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲက ၂၁ ကြာခဲ့ပေမဲ့ အဖြေ မထွက်ခဲ့ပါဘူး။ နှစ်ဖက်စလုံးကလည်း အကြောင်းရင်းတွေကို ထုတ်ဖော် မပြောကြပါဘူး။ ဒီကြားထဲမှာ အမေရိကန်ဖျက်သင်္ဘောတွေ ဟောမုဇ်ရေလက်ကြားကို ရောက်လာတာအပါအဝင် အီရန်-အမေရိကန် နောက်ဆုံးအခြေအနေတွေကို ကြည့်ရအောင်ပါ။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    13 April 2026, 12:30 am
  • 21 minutes 20 seconds
    လက်ဘနွန်တောင်ပိုင်း ဒုတိယ ဂါဇာ ဖြစ်လာမလား

    ခုတကြိမ် အီရန်နဲ့ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပါဝင်လာတဲ့ ဟဇ္ဇဘိုလာအပေါ် အစ္စရေးက ရိုးရိုးတန်းတန်း လက်တုံ့ပြန်တာမျိုး မဟုတ်တော့ဘဲ နှစ်ပေါင်းများစွာကတည်းက သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ကြီးတစ်ခုကို ပြန်အသက်သွင်းလိုက်တာကို မြင်နေရပါတယ်။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    6 April 2026, 12:30 pm
  • 26 minutes 26 seconds
    အီရန်စစ်ပွဲနဲ့ အရာမထင်သေးတဲ့ သံခင်းတမန်ခင်း

    အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်ပွဲ တလကျော်ခဲ့ပါပြီ။ ပါကစ္စတန်က ကြားဝင်ဖြန်ဖြေဖို့ စီစဉ်နေတာတွေ ရှိပေမဲ့ ခုထိ နှစ်ဖက်စလုံးက အလျှော့ပေးမဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။ တလအတွင်း ဘာတွေ အပြောင်းအလဲဖြစ်ခဲ့သလဲ၊ ငြိမ်းချမ်းရေးဘယ်အခြေအနေရှိမလဲ ကြည့်ရအောင်ပါ။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    3 April 2026, 9:09 am
  • 22 minutes 45 seconds
    'ယော' တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သေဆုံးမှု နောက်ကွယ်

    ကိုမြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF အနေနဲ့ ခု ကျဆုံးသွားတဲ့ ကိုကောင်ကောင်းတို့ရဲ့ ‘မြေပြင်စစ်ဒေသရုံး’ ကို လက်မခံသလို ‘YDF ခွဲထွက်’ ဆိုတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ကိုကောင်းကောင်းတို့အဖွဲ့ဟာ ‘ထောင်ဖောက်ပြေးသွားသူ ရာဇဝတ်သားတွေ’ ပဲ ဖြစ်တယ်လို့ ကိုမြတ်သူတို့က သုံးနှုန်းပါတယ်။ ကိုမြတ်သူနဲ့ ကိုကောင်းကောင်းတို့ကြားမှာ မကြေလည်မှုတွေ ရှိနေခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ မတ်လ ၂၂ ကတော့ နှစ်ဖွဲ့ကြား ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ကိုကောင်းကောင်းနဲ့ ကိုစိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    28 March 2026, 2:30 am
  • 26 minutes 45 seconds
    အီရန်စစ်ပွဲမှာ ဘယ်သူ အမြတ်ထွက်နေသလဲ

    အမေရိကန်မှာ ဒီစစ်ပွဲကနေ ထွက်ခွာဖို့ ရှင်းလင်းတဲ့ မဟာဗျူဟာ မရှိသလို၊ အီရန်မှာလည်း အခြေအနေကို ပြန်လျှော့ချဖို့ ထွက်ပေါက် မရှိသေးပါဘူး။ အမေရိကန် အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးအခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    16 March 2026, 10:02 am
  • 4 minutes 22 seconds
    ညောင်လေးပင်မှာ စစ်တပ်က လူရာချီဖမ်း၊ အစုလိုက်သတ်ဖြတ်

    ရုပ်သံတခုမှာတော့ သေဆုံးနေပြီးသား အလောင်းတွေလို့ ယူဆရသူတွေကို ပုံလျက်ထပ်ထားတဲ့ အလောင်းပုံ ၂ ခုကို မြင်တွေ့ရပါတယ်။ ဒီအလောင်းပုံတွေနဲ့ မလှမ်းမကမ်းမှာ အရပ်ဝတ်တွေနဲ့ ကျင်းတူးနေတာတွေကိုလည်း မြင်ရပါတယ်။ ဒီကျင်းတူးနေတဲ့ မြေနေရာရဲ့ ရှေ့မှာ ကျောင်းကုန်းသင်္ချိုင်းရှိတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    10 March 2026, 10:14 am
  • 19 minutes 56 seconds
    အမေရိကန် အစ္စရေးနဲ့ အီရန် စစ်ပွဲ—နိုင်ငံ ၉ နိုင်ငံထိ ပျံ့နှံ့ထိခိုက်နေပြီ

    တစစီဖြစ်နေတာတွေကို ကျနော်တို့ စုစည်းကြည့်လိုက်ရင် ခုလောလောဆယ် စစ်ပွဲဒဏ်ခံနေရတာက အီရန်အစ္စရေးပဲ မဟုတ်တော့ဘဲ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံထိ ရှိနေပြီဖြစ်ပါတယ်။ ၅ ရက်မြောက်နေ့ကို ရောက်လာပြီဖြစ်တဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးရ အခြေအနေတွေကို ပြောပြသွားပါမယ်။​

    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    4 March 2026, 6:30 pm
  • More Episodes? Get the App